• English
  • ဗမာစာ

  • 13 Jul 2023

    ဝိသာခါဖောင်ဒေးရှင်း၏(၈)နှစ်တာခရီး

    ဝိသာခါဖောင်ဒေးရှင်းဆိုတာ….
    ပညာရေး
    ကျန်းမာရေး
    လူမူ့ရေး
    ဆိုတဲ့ ကဏ္ဍ(၃)ရပ်နှင့်အညီ ပြည်သူ့အကျိုးပြုတဲ့လုပ်ငန်းကိစ္စတွေကို ယခုချိန်ထိဆောင်ရွက် လုပ်ကိုင်နေတဲ့ Non Profit ဖောင်းဒေးရှင်း တခုဖြစ်ပါသည်။…
    💜ဝိသာခါဖောင်ဒေးရှင်းမှာဆိုရင် …
    တကယ်ကို နွေးထွေးတဲ့မေတ္တာ၊ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နဲ့ ညီမတွေကို သင်ပြပေးခြင်း၊ ခေါင်းဆောင်အမတွေကိုယ်တိုင်ကလည်း အနစ်နာခံကာ လုပ်ကိုင်သင်ပြပေးခြင်း၊ အသင်းဝင်ညီမများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပြောဆို လုပ်ကိုင်ကြခြင်း …စသည် ပြောရရင် အများကြီးရှိတဲ့ ကိစ္စအဝဝတွေကို စည်းလုံးညီညွတ်စွာလုပ်ကိုင်နေကြတဲ့ အသင်းမို ကျမတိုတွေအားလုံး ချစ်ခင်တန်ဖိုးထားရတဲ့ အသင်းဖြစ်ပါသည်။ 💜💜
    💜တနှစ်တခါမှ အသင်းသားတွေဆုံတွေ့ကြတဲ့ နှစ်ပတ်လည်နေ့မှာ အသင်းဝင်အသစ် စုစုပေါင်း (၄၁)ယောက်ကို ကြိုဆိုတဲ့နေ့လေးလည်းဖြစ်ပါတယ်…ဝိသာခါအသင်း၏လုပ်ငန်းဆောင်ရွက်မူ့များကို နှစ်သက်ကြပြီး တနှစ်ထက်တနှစ် များစွာဝင်ရောက်လာကြတဲ့ အသင်းဝင်သစ် ညီအမများကို နွေးထွေးချစ်ခင်စွာကြိုဆိုရတာလည်း မင်္ဂလာရှိတဲ့ အစဉ်အလာနဲ့နေ့ရက်လေးပါသည်။💜💜💜
    💜နောင်နှစ်တွေမှာလည်း ယခုလို အသင်းဝင်သစ်များကို ကြိုဆိုရင်းနှစ်ပတ်လည်အခမ်းအနားကိုလည်းကျင်းပကြပါလိမ့်မည်ဟုမျှော်လင့်မိပါတယ်…
    💜ဝိသာခါဖောင်ဒေးရှင်း၏လုပ်ငန်းဆောင်တာများကို ယုံကြည်ပြီး လှူဒါန်းကျသော ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ရဟန်းသံဃာတော်များ၊အားလုံးကိုလည်း ဒီနေရာမှ အသင်းဝင်များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ ….
    ၁၃.၇.၂၀၂၃ (သောကြာနေ့)

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.