• English
  • ဗမာစာ

  • 18
    MAY 2019

    ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် စကားပြောပြိုင်ပွဲ

    ၁၃၈၁ ခုနှစ် ကဆုန်လပြည့်နေ့ ၊ ၁၈.၅.၂၀၁၉ (စနေနေ့) တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ၊ ဝိဇယမင်္ဂလာ ဓမ္မသဘင် ခန်းမတွင် ဝိသာခါဖောင်ဒေရှင်းမှကြီးမှူးပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများအား ”ကဆုန်လပြည့် ဗုဒ္ဓနေ့” နှင့် ပတ်သက်ပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စကားပြောပြိုင်ပွဲတို့ကို ကျင်းပခဲ့ပါသည်။ စကားပြော ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်လူကြီးများအဖြစ် စာရေးဆရာမ မစန္ဒာ၊ စာရေးဆရာမ ဂျူး၊ ဒေါက်တာ နုနုဆွေ (အမရာ ဆေး-၁)၊ ဒေါက်တာ ယုနွယ်ဝင်း၊ ဒေါ်ခင်ဆွေသစ်နှင့် ဒေါက်တာ ခင်သီတာရီ တို့မှ အကဲဖြတ် အမှတ်ပေးခဲ့ကြပါသည်။ ပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိသည့် ကျောင်းသား/သူများကို ဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဝိသာခါဖောင်ဒေရှင်းမှ ညီအစ်မများ ၊ ဧည့်သည့်တော်များနှင့် ကလေးများက ကမ္ဘာအေးစေတီတော်ရှိ ဗောဓိညောင်ပင်တွင် ပျော်ရွှင်စွာ ညောင်ရေ သွန်းခြင်း ပြုလုပ်ခဲ့ပါသည်။ ကြွရောက်လာသော ဧည့်သည်တော်များ နှင့် တက်ရောက်ကြသောကျောင်းသား/သူ များကို နံနက်စာ၊ နေ့လည်စာတို့နှင့် ဧည့်ခံကျွေးမွေးပြီး စာအုပ် ၊ စာရေးကိရိယာများ၊ T Shirt များ နှင့်ထီးများကို လက်ဆောင်ပေး အပ်ခဲ့ပါတယ်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.