• English
  • ဗမာစာ

  • 27 Sep 2021

    ဝိသာခါ Foundation ၏ COVID 19 တတိယလှိုင်း တွင် Oxygen Plant လှူဒါန်းခြင်း ဒုတိယ ခြေလှမ်းဖြစ်သည့် ထားဝယ် ပြည်သူ့ဆေးရုံကုတင် (၅၀၀) တွင် Oxygen Plant တပ်ဆင်ပြီးစီးခြင်း

    ယခုအချိန်တွင် ပြည်သူအများအသက်ရှင်သန်နိုင်ရန်အတွက်မရှိမဖြစ် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ရရှိရေးအတွက်ဝိသာခါဖောင်ဒေးရှင်းမှ Oxygen Plant Project (No 17) ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ပြည်သူ့ဆေးရုံကုတင် (၅၀၀) တွင် ငွေကျပ် သိန်း (၁၄၀၀) တန်ဖိုးရှိ Oxygen Plant အား ဝိသာခါဖောင်ဒေးရှင်း၊ ဝိသာခါ ဖောင်ဒေးရှင်း ညီအမများ တစ်ဦးချင်း ထည့်ဝင်လှူဒါန်းခြင်း နှင့် မိတ်ဆွေ အလှူရှင်များ ထည့်ဝင်လှူဒါန်းမှု တို့ဖြင့် ၂၇.၉.၂၀၂၁ (တနလ်ာနေ့) တွင် တပ်ဆင်ပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ပါသည်။ ထားဝယ် ဆေးရုံတွင် တပ်ဆင်ထားသည့် 250 liter/min Oxygen Generator with filling booster စက်မှ 40L Oxygen Cylinder 60 လုံးအား 24 hours အတွင်းလည်း ထုတ်ပေးနိုင်မည် ဖြစ်သည့်အတွက် ထားဝယ်ပြည်သူ့ ဆေးရုံကြီးနှင့် ထားဝယ်မြို့Q စင်တာများ၊ ထားဝယ်ခရိုင် သရက်ချောင်း ဆေးရုံ , လောင်းလုံပြည်သူ့ဆေးရုံ, ရေဖြူ ပြည်သူ့ ဆေးရုံ နှင့် တနင်္သာရီတိုင်း အတွင်း Q စင်တာအားလုံး အတွက်လည်းဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.