• English
  • ဗမာစာ

  • 10
    SEP 2017

    Charity Gala Dinner

    ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ ရန်ကုန်မြို့ Lotte Hotels & Resorts, Yangon (Grand Ballroom) ၌ ၀ိသာခါ ဖောင်ဒေးရှင်း၏ Charity Gala Dinner ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်စုစုလွင်မှ ၀ိသာခါဖောင်ဒေးရှင်း Charity Gala Dinner အတွက် သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုနှင့် ဇနီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နှင့် ဇနီး၊ နေပြည်တော်မှ တကူးတက တက်ရောက်ပေးပါသော ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E Mr. Hong Liang နှင့်ဇနီး ၊ ဂုဏ်သရေရှိ လူကြီးမင်းများ တက်ရောက် ခဲ့ကြပါသည်။ ထို့အပြင် “ ကူညီသောလက်များမှသည် ကောင်းမွန်တောက်ပသော အနာဂတ်များဆီသို့” ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသခဲ့ပြီး တေးသံရှင် နီနီခင်ဇော်မှ ၀ိသာခါ Theme Song ကို လည်းကောင်း၊ ကိုဇော်ပိုင် ၊ အိမ့်ချစ်နှင့် ဖြိုးပြည့်စုံတို့မှ တေးသီချင်းများ သီဆိုပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

    Recent News & Events

    Visakha foundation
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.