• English
  • ဗမာစာ
  • ဝိသာခါဖောင်ဒေးရှင်းအကြောင်း

    အသင်း၏အမှတ်တံဆိပ်

    အသင်း၏အထိမ်းအမှတ်တံဆိပ် (logo) မှာ အောက်ပါအတိုင်းဖြစ်သည်။
    logo-def

    Explanation for the logo

    ဝိသာခသည် ပါဠိစကားဖြစ်ပြီး ‘ဝ္လိ သည် ထူးခြားများပြားခြင်းဖြစ်ပြီး ‘သာခ္လ သည် သစ်ခက်ကွန်ရက်ဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် ‘ဝိသာခ္လါ ဟူသည် ထူးခြားပြီး သစ်ခက်ကွန်ယက်ပမာ သားသမီးများပြားခြင်း ဟု အနက်ဖွင့်ဆိုနိုင်ပါသည်။
    တံဆိပ်တွင်ပါဝင်သော ညောင်ရွက်များမှာ ဝိသာခ နက္ခ၏ ကဆုန်လပြည့်ဖြစ်သော ညောင်ရွက်ကိုကိုယ်စားပြုပါသည်။ မဂ္ဂင် (၈) ပါး၊ အောင်ခြင်း (၈)ပါး ၏ အတိတ်နမိတ်ကိုယူ၍ ညောင်ရွက် (၈) ရွက် ကို ထည့်သွင်းထားပါသည်။ ညောင်ရွက်၏ အရောင်ကို ဗေဒါပန်း ၏ အရောင် ကိုယူထားခြင်းဖြစ်သည်။ ဗေဒါပန်းတို့ မည်သည် အခက်အခဲမျိုးမျိုးကို အလံ မလှဲဘဲ အမြဲကြံ့ကြခံနိုင်ပါသည်။
    တံဆိပ်၏ အလယ်တွင် ပါသောလူသုံးဦး သည် အပြန်အလှန် ကူညီရိုင်းပင်းနေပုံကိုဖော်ပြသည်။ ရတနာသုံးပါး ဦးထိပ်ထား ၍ ထည့်သွင်းထားပါသည်။
    အသင်းအမှတ်တံဆိပ်ကို အသင်းနှင့်ပတ်သက်သည့် နေရာတိုင်းတွင် သုံးစွဲခွင့်ရှိသည်။

    ကူညီသောလက်များမှသည် …..
    ကောင်းမွန်တောက်ပသော အနာဂတ်များဆီသို့ …..

    အသင်း၏ ရည်ရွယ်ချက်

    မြန်မာနိုင်ငံအတွင်းရှိ ဒေသ၊ လူမျိုးဘာသာမရွေး ဆင်းရဲနွမ်းပါးသော အထူးသဖြင့် မြန်မာနိုင်ငံသား မိဘမဲ့ ကလေးလူငယ်များအတွက် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊လူမှုရေးနှင့် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး များကို ရည်ရွယ် ၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခွင့်ရရှိရေး ပံ့ပိုး မှု အစီအစဉ်များကို ဆောင်ရွက်လိုခြင်း။

    အသင်း၏ ရည်မှန်းချက်

    မြန်မာနိုင်ငံအတွင်း ဒေသ၊ လူမျိုးဘာသာမရွေး မိဘမဲ့ ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံသား ကလေးလူငယ်များ၏ ဘ၀တိုးတက်မြင့်မားရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခုကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ပြီး မိမိဘ၀ကို မိမိရပ်တည် နေထိုင်နိုင်ရန် ဆင်းရဲနွမ်းပါးမှုများ လျော့နည်းလာစေပြီး မျှော်လင့်ချက်ရောင်ခြည် နှင့် ပျော်ရွှင်ချမ်းမြေ့သော ဘ၀ကို ရရှိစေရန်အတွက် ရည်ရွယ်ပါသည်။

    အသင်း၏ လုပ်ငန်းစဉ်များ

    (၁) မိဘမဲ့ ဆင်းရဲနွမ်းပါးသော အမျိုးသား အမျိုးသမီးကလေးငယ်များကို ရှာဖွေကာအသက်မွေး ဝမ်းကြောင်း ပညာ သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း။
    (၂) ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း။
    (၃) စားဝတ်နေရေး အဆင်ပြေစေရန်၊ စီစဉ်ဆောင်ရွက်ပေးခြင်း။
    (၄) အလုပ်အကိုင်ရှာဖွေပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းစေအောင် ဆောင်ရွက်စေခြင်း။
    (၅) စိတ် ဓါတ်ခွန်အားနှင့် ကိုယ်ခန္ဓာ ကျန်းမာကြံခိုင်စေခြင်းသာမက စာရိတ္တတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း။

    အသင်း၏တာဝန်များ

    ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဝိသာခါအသင်းအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ အလှူရှင်များဖြင့် သော်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

    ဝိသာခါဖောင်ဒေးရှင်း၏ ဖွဲ့စည်းပုံဇယား

    org

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.