• English
  • ဗမာစာ

  • 13
    April 2020

    ရခိုင်ပြည်နယ်သို့ကျန်းမာရေးအသိပညာပေးအော်လံများလှူဒါန်းခြင်း

    ရခိုင်ပြည် ၏ ပရဟိတပညာရေး လူမှူကူညီကယ်ဆယ်ရေး ကို ဆယ်စုနှစ်များစွာ မိမိစွမ်းနိုင်သမျှ ပါရမီဖြည့်ပေးနေသော ရွှေစေတီဆရာတော်ဦးဆောင်ပညာဒါနအဖွဲ့သည် ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့ ရင်ဆိုင်နေသော COVID -19 ကပ်ရောဂါကို ပညာပေးကာကွယ်ခြင်းမှတစ်ပါး ကုရာနတ္ထိလမ်းမရှိဖြစ်နေ ပါသဖြင့် ရုပ်ရှင်အနုပညာရှင်ကိုနေတိုးနှင့်မင်းသားမင်းသ္မီးအသံဒါန ပါဝင်ပြုစုထားသော ကျန်းမာရေး အသိပညာပေး အော်လံစက်များကို Covid- 19 ကြိုတင်ကာကွယ်နိုင်ရေးလှုပ်ရှားမှုအတွက်ရခိုင်ပြည်သူများထံ ရွှေစေတီ ဆရာတော်ကိုယ်တိုင် လှူဒါန်းဖြန့်ချီနေပါပြီး ဖြစ်ပါသည်။ ဤကျန်းမာရေးပညာပေးအစီအစဉ်တွင် ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် ဝိသာခါဖောင်ဒေးရှင်းမှ ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ရပါတယ်။
    ဤအစီစဥ်တစ်ခုဖြစ်မြောက်အောင် ကူညီပေးကြပါသော ရွှေစေတီဆရာတော်ဦးဆောင်ပညာဒါနအဖွဲ့ နှင့်အတူ ကိုညီငြိမ်းအေး ၊ ဒေါက်တာဝင်းစည်သူ (UEHRD Healthcare Task Force) ၊ ကိုကျော်ဇံဝေ၊ ဒေါက်တာသန်းစိုး၊ ရုပ်ရှင်အနုပညာရှင် ကိုနေတိုး နှင့် အနုပညာရှင်အားလုံးကို ဝိသာခါဖောင်ဒေးရှင်းမှ လှိုက်လဲစွာ ကျေးဇူးအထူးတင်ရှိပါတယ်။💜💜💜 မိဘပြည်သူများအားလုံး ရောဂါကပ်ဘေးမှလွတ်မြောက်၍ ကျန်းမာချမ်းသာကြပါစေ🙏🙏🙏
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.