• English
  • ဗမာစာ


  • 18 Sep 2020

    ဦးခင်မောင်ဦး (ရွှေဘဲ) ယနေ့ (၁၈.၉.၂၀၂၀) နံနက်တွင်ကွယ်လွန် သွားသည့်အတွက် ဝိသာခါဖောင်ဒေးရှင်း အသင်းဝင်ညီအမများမှ မိသားစုနှင့်အတူ အထူးကြေကွဲ ဝမ်းနည်းမိပါသည်။

    ဝိသာခါဖောင်ဒေးရှင်းသို့ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဦးခင်မောင်ဦး (ရွှေဘဲ)မှ အလှူငွေ သိန်းပေါင်း (718) သိန်းကို လှူဒါန်းထားခဲ့ပါသည်။
    ဦးခင်မောင်ဦး (ရွှေဘဲ)အတွက် ရည်စူး၍ (၂၄.၉.၂၀၂၀) ရက်နေ့တွင် ဝိသာခါဖောင်ဒေးရှင်းမှ သီတဂူ ဆရာတော်ဘုရားကြီးနှင့်အတူ သီတဂူ
    ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)တွင် ဘုန်းကြီး အပါး (၁၂၇)ပါးအား ရက်လည် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းကိုလည်းကောင်း၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် (သန်လျင်)တွင် ဘုန်းကြီး အပါး (၂၂၀)ပါးအား ရက်လည် အာရုဏ်ဆွမ်းနှင့် သီတဂူ ဗုဒ္ဓတက္ကသိုလ် (မြောက်ဒဂုံ၊ ရန်ကုန်)တွင် ဘုန်းကြီး အပါး (၂၀)ပါးအား ရက်လည် နေ့ဆွမ်းကို ဆပ်ကပ် လှူဒါန်း‌မည်ဖြစ်ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.