• English
  • ဗမာစာ

  • 24
    MARCH 2018

    (၁၇) ကြိမ်မြောက် မျက်စိအလင်းဒါနလှူဒါန်းခြင်း

    ၂၀၁၈ ခုနှစ် မတ်လ (၂၄) ရက်မှ (၂၇)ရက်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ နန်းချောင်းရှိ သီတဂူ မေတ္တာ စက္ခုဒါနဆေးရုံတော်တွင် “သီတဂူ သာသနာပြုအဖွဲ့” နှင့် “UEHRD – ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့” တို့ ပူးပေါင်း၍ ၀ိသာခါဖောင်ဒေးရှင်းနှင့် Medi Myanmar Group Ltd.တို့၏ ပံ့ပိုးကူညီမှုဖြင့် မျက်စိ အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိပ်မှုများ ပြုလုပ်ပေးခဲ့ပြီး ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဦးချမ်းသာ၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ UEHRD – ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖွဲ့၏ နာယကများ ဖြစ်သော Dr. U S Kyaw Hla, Prof: U Nyunt Thein နှင့် ၀ိသာခါဖောင်ဒေးရှင်းမှ နာယက Prof: Daw Win Min Thit တို့မှ ၀မ်းသာဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သီတဂူ မေတ္တာ စက္ခုဒါန ဆေးရုံတော်အတွက် လိုအပ်သော Oxygen Concentrator (Air Set)ကို လှူဒါန်းပြီး မေတ္တာဝတီ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား အယောက် (၄၀)အတွက် တစ်နေ့တာ အစားအသောက်ကိုလည်း လှူဒါန်းခဲ့ပါတယ်။ မတ်လ (၂၄) ရက်မှ (၂၇)ရက်အထိ မျက်စိ ရောဂါ ဝေဒနာရှင် (၁၀၇၈) ခန့်ကို စမ်းသပ် စစ်ဆေး ပေးပြီး မျက်စိ အတွင်းတိမ် လူနာပေါင်း (၃၀၀) ဦး အား အခမဲ့ မျက်စိခွဲစိပ် အလင်းဒါနပြုလုပ်လှူဒါန်းခဲ့ပါသည်။

    Recent News & Events

    Visakha Foundation
    Visakha foundation
    donation in myanmar
    2026 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.