• English
  • ဗမာစာ

  • 31
    MAR 2019

    “ဝိသာခါ ကန်သစ်” စက်ရေတွင်း၊ ရေတင်စက် နှင့် ရေစင်

    ၃၁.၃.၂၀၁၉ (တနင်္ဂနွေနေ့) တွင် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်၊ ပန်းပဲမြောက်ကျေးရွာတွင် ဝိသာခါဖောင်ဒေးရှင်းမှ တတိယအကြိမ်အဖြစ် ငွေကျပ် သိန်း(၁၅၁)ကျော် အကုန်အကျခံကာ တာဝန်ယူ လှူဒါန်းသော “ဝိသာခါ ကန်သစ်” စက်ရေတွင်း ၊ ရေတင်စက် နှင့် ရေစင် လှူဒါန်းပေးအပ်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးမှ အဖွင့်အမှာစကား ပြောကြားပေးပြီး မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝိသာခါဖောင်ဒေးရှင်း ဦးဆောင်နာယက ဒေါက်တာ ဝင်းမင်းသစ်မှ စက်ရေတွင်း လှူဒါန်းမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး ဝိသာခါဖောင်ဒေးရှင်းမှ စက်ရေတွင်းဆိုင်ရာ မှတ်တမ်းအချက်အလက်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ရေတွင်း ဖွင့်ပွဲ တွင် တရွာလုံး လူဦးရေ ၇၁၅ ဦး ကို အညာမုန့်ဟင်းခါး , နို့ ခေါက်ဆွဲ တို့နဲ့ စတုဒီသာ ကျွေးခဲ့ပြီး ကျေးရွာမှလည်း အညာလက်ဆောင်များ ပြန်လည်ပေးအပ်ကြပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.