• English
  • ဗမာစာ

  • 16 Jan 2021

    ဝိသာခါဖောင်ဒေးရှင်း မှ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်ရှိ ဝိသာခါ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပရဟိတ ပညာသင်ကျောင်းတွင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် Rotary Club of Victory Myanmar တို့ နှင့်ပူးပေါင်းပြီး ဖွင့်လှစ်သင်ကြား ပေးသည့် Office Administrative Skills Training သင်တန်း နှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား

    ၁၆.၁.၂၀၂၁ တွင် ဝိသာခါဖောင်ဒေးရှင်း မှ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ သီတဂူကျောင်းတိုက်ရှိ ဝိသာခါအမျိုးသမီး အသက်မွေးဝမ်း ကျောင်း ပရဟိတ ပညာသင် ကျောင်းတွင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) နှင့် Rotary Club of Victory Myanmar တို့နှင့်ပူးပေါင်းပြီး ဖွင့်လှစ်သင်ကြားပေးသည့် Office Administrative Skills Training သင်တန်း နှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ ပါသည်။ အခမ်းအနားတွင် သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူ အမျိုးသမီး အသက် မွေးဝမ်းကျောင်း ပညာသင်ကျောင်း ကျောင်းအုပ် ဆရာတော်၊ သီတဂူအရှင်တိက္ခသာရ က မေတ္တာပို့သ၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီး ဝိသာခါ ဖောင်ဒေးရှင်း ဦးဆောင်နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ် က အဖွင့်အမှာ စကားလျှောက်ထားပြောကြားခြင်း၊ ဝိသာခါဖောင်ဒေးရှင်း ၏ ဥက္ကဌ ၊ Rotary Club of Victory Myanmar ၏ Foundation Chair ၊ မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) ၏ ဒု-ဥက္ကဌ ဒေါက်တာစုလှဟန်က သင်တန်းပြီး မြောက် အောင် ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်ခဲ့မှု့များကို လျှောက်ထား ပြောကြား ခဲ့ပြီး မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး များ ကွန်ယက်(MYANWEN) ၏ အထွေထွေ အတွင်းရေးမှုး ဒေါ်ယဉ်ယဉ်အေးက ဝမ်းမြောက်စကား လျှောက်ထား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်း အမှတ်စဉ် (၁)တွင် ပါဝင် ကူညီပံ့ပိုးပေးပါသော Myanmar Private TVET Association မှ ဥက္ကဌ ၊ ဆရာကြီး ဦးအေးမင်းမင်း ကိုယ်စား အတွင်းရေမှူး ဒေါ်ဆွေဆွေတင့်က အကြံပြုစကား လျှောက်ထားပြောကြားခဲ့ပြီး သင်တန်းပြီးဆုံးအောင် သင်ကြားပေးပါသော The Academy for Skills and Knowledge (ASK) သင်တန်းကျောင်းမှ Executive director ဒေါ်သိမ့်သိမ့်ထွန်းက သီတဂူ အမျိုးသမီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း နှင့် ပူးပေါင်း၍ ပညာရေးဆောင်ရွက်ခဲ့မူ့များ၊ ရှေ့ဆက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို လျှောက်ထား ပြောကြားခဲ့ ပါသည်။ ထို့နောက် သင်တန်းဆင်းကျောင်းသူ များအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူအမျိုးသမီးအသက်မွေးဝမ်း ကျောင်း ပညာသင်ကျောင်း၊ ကျောင်းအုပ် ဆရာတော်သီတဂူအရှင်တိက္ခသာရက ဩဝါဒစကားမိန့်ကြား၍ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.