• English
  • ဗမာစာ

  • 8
    Jun 2019

    ဝိသာခါဖောင်ဒေးရှင်း၏ ပရဟိတလှုပ်ရှားမှု

    ၂၀၁၉ ခုနှစ် ဇွန်လ (၈)ရက်နေ့တွင် မန္တလေးမြို့ရှိ Hilton Hotel, Amarapura Room တွင် ဝိသာခါဖောင်ဒေးရှင်း၏
    ပရဟိတလှုပ်ရှားမှု ဖြစ်သော မန္တလေး တိုင်းဒေသကြီး
    အမရပူရမြို့ မြောက်လက်သမား ဘုန်းကြီးကျောင်း အတွင်းတွင် ဝိသာခါ အမရသုခ ပရဟိတ စာသင်ကျောင်း၊ စာကြည့်တိုက်နှင့် ဆေးခန်းတို့ တည်ဆောက်ရန်အတွက် ပြုလုပ်
    သည့် ပရဟိတ လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ထိုအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဒေါ်ယုယုမေ၊ မန္တလေးတိုင်းဒေသကြီး
    မြို့တော်ဝန် ဒေါက်တာ ဦးရဲလွင်နှင့် ဒုတိယ မြို့တော်ဝန်
    ဦးရဲမွန် နှင့် ဂုဏ်သရေရှိ လူကြီးမင်းများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို တေးသံရှင် မေခလာမှ ဝိသာခါ
    အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဝိသာခါ ဖောင်ဒေးရှင်း
    ဥက္ကဌ ဒေါက်တာစုလှဟန်မှ ဝိသာခါဖောင်ဒေးရှင်းဖွဲ့စည်း
    ရခြင်း ရည်ရွယ်ချက်နှင့် အသင်း၏လှုပ်ရှားမှုများကို ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ထို့နောက် ဒါရိုက်တာ ကြည်ဖြူသျှင်
    ရိုက်ကူးထားသော “ ဝိသာခါ အမရ သုခ” ကျောင်းတော်ဆီသို့ မှတ်တမ်းရုပ်ရှင် ပြသပြီး ဝိသာခါဖောင်ဒေးရှင်း နာယက
    ဒေါက်တာဝင်းမင်းသစ်မှ “ ဝိသာခါ အမရ သုခ” ပရဟိတ စာသင်ကျောင်း၊ စာကြည့်တိုက်နှင့် ဆေးခန်းတို့ တည်
    ဆောက်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာ ဒေါ်ယုယုမေမှ မုဒိတာစကားပြောကြားပြီး
    ကြွရောက်လာကြသည့် ဧည့်သည်တော်များကို အကများ၊
    တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ “ ဝိသာခါ အမရ သုခ” ပရဟိတ စာသင်ကျောင်း၊ စာကြည့်တိုက်နှင့် ဆေးခန်းတို့ တည်
    ဆောက်ရန်အတွက် အလှူရှင်များမှ သဒ္ဓါတရားထက်သန်စွာ
    လှူဒါန်းသည့်အလှူငွေ စုစုပေါင်းမှာ ငွေကျပ် သိန်းပေါင်း သုံးထောင် တစ်ရာ သုံသိန်း ငါးသောင်း နှစ်ထောင့် ငါးရာ ကျပ်နှင့် USD 100 တိတိ ဖြစ်ပါသည်။

    Recent News & Events

    Visakha foundation
    donation in myanmar
    2026 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.