• English
  • ဗမာစာ

  • 20
    SEP 2018

    ဝိသာခါဖောင်ဒေးရှင်း” နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှမျက်စိအတွင်းတိမ် ကုသရေးအဖွဲ့

    ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဝိသာခါဖာင်ဒေးရှင်း၏ (၁၉) ကြိမ်မြောက် မျက်စိအလင်းဒါနလှူဒါန်းခြင်းအဖြစ် “ ဝိသာခါဖောင်ဒေးရှင်း” နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှမျက်စိအတွင်းတိမ် ကုသရေးအဖွဲ့” တို့ ပူးပေါင်းဆောင်ရွက်သည့် “ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ် လူနာ (120) ဦးအား အခမဲ့ ခွဲစိတ်အလင်းဒါနပြုလှူဒါန်းသည့် ဖွင့်ပွဲ အခမ်းအနားကို သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ The Second Affilliated Hospital Of Kunming Medical University ၏ မျက်စိအတွင်းတိမ်ကုသရေးအဖွဲ့မှ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ သို့အလှူငွေ USD $3000 ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ “ အလင်းရောင်ခရီးစဉ်” မျက်စိအခမဲ့ ခွဲစိတ်မှုကို စက်တင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ သန်လျှင် နှင့် ရွှေပြည်သာမြို့နယ်တို့မှ လူနာများ အများဆုံး လာရောက်ခွဲစိတ်ကြပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.