• English
  • ဗမာစာ

  • 1
    Aug 2018

    ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းခြင်း

    ဝိသာခါဖောင်ဒေးရှင်း မှ ပဲခူးတိုင်း , မွန်ပြည်နယ်, ကရင်ပြည်နယ် တို့တွင် ကျရောက် နေသော ရေဘေးသင့် ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းမှုများပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လ (၁)ရက်နေ့ မနက်ပိုင်းတွင် ပဲခူးတိုင်းရေဘေးသင့် ပြည်သူများ အတွက် ငွေကျပ် သိန်း (၁၅၀) တန်ဖိုးရှိ ဆန်, နေကြာဆီ ,အာလူး, ကြက်သွန်နီ, မားမားခေါက်ဆွဲ, ငါးသေတ္တာဗူး, ဆပ်ပြာမှုန့် Elan နှင့် OKi , ကော်ဖီမှုန့်ထုပ်များ, ဆေး ပစ္စည်းမျိုးစုံ, ဓါတ်မီး ဓါတ်ခဲ , ကလေး အါဟာရမှုန့်, သွားတိုက်ဆေး နှင့် သွားတိုက်တံများ စသည့် ပစ္စည်းများကို လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဘဏ္ဏာရေး နှင့် အခွန်ဝန်ကြီး ဦးညွှန့်ရွှေ လွှတ်တော် ကိုယ်စားလှယ်, ကရင်တိုင်းရင်းသားဝန်ကြီး နော်ဖွယ်စေးနှင့် သက်ဆိုင်ရာ တာဝန်ကျကွပ်ကဲရေး အဖွဲ့ခေါင်းဆောင် ဒေါ်နန်းကော်ကော်မြင့် တို့မှလက်ခံယူခဲ့ပါသည်။ သြဂုတ်လ (၁)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် မွန်ပြည်နယ် ရေဘေးသင့် ပြည်သူများ အတွက်လည်း ငွေ ကျပ် (၂၄၆) သိန်း တန်ဖိုးရှိ လိုအပ်သော အစားအသောက်များ၊ အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ နှင့် မွန်ပြည်နယ် အစိုးရရုံး ရုံးအဖွဲ့မှူး ဦးစိုးညွန့် တို့မှ လှူဒါန်းသော ပစ္စည်းများကို လက်ခံယူခဲ့ပါသည်။ ကရင်ပြည်နယ် ရေဘေးသင့် ပြည်သူများ အတွက်လည်း သြဂုတ်လ (၁)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ငွေကျပ် (၂၀၃)သိန်းကျော် တန်ဖိုးရှိ လိုအပ်သော အစားအသောက်များ၊ အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမိုးအောင်, ဒု တိုင်းမှူးနှင့်တကွ ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်စွာထွန်း တို့မှ
    လှူဒန်းသော ပစ္စည်းများကို လက်ခံယူခဲ့ပါသည်။
    အမှတ်(၂) ခြေမြန်တပ်ရင်းမှ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်စဉ် သေဆုံးခဲ့သည့် စစ်သည် (၃) ဦးတို့၏ ကျန်ရှိသော မိသားစုများအတွက်လည်း ဝိသာခါ ဖောင်ဒေးရှင်း နှင့်တကွ အဖွဲ့ဝင်များမှ ငွေကျပ် သိန်း (၃၀)ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ သြဂုတ်လ (၆) ရက်နေ့တွင် သထုံ၊ ဒလပန်းကျေးရွာတွင် ဝိသာခါဖောင်ဒေးရှင်းမှ လှူဒါန်းထားသော ပစ္စည်းများကို တပ်မမှူး ဗိုလ်မှူးချုပ် သက်အောင်မှ လှေများဖြင့် သွားရောက်လှူဒါန်းပေးပါသည်။ ဝိသာခါဖောင်ဒေးရှင်းမှ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု စုစုပေါင်းမှာ သိန်း (၆၃၀) ခန့်ဖြစ်ပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.