• English
  • ဗမာစာ

  • 16
    Nov 2016

    မဲခေါင်ဒေသ အလင်းရောင်ခရီးစဉ်

    ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး (နေပြည်တော်) ၌ ကျင်းပသည့် “ China Public Diplomacy Association & China Charity Alliance” နှင့် “ ဝိသာခါဖောင်ဒေးရှင်း” တို့ ပူးပေါင်းဆောင်ရွက်သော “ မဲခေါင်ဒေသ အလင်းရောင်ခရီးစဉ်၏ မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း” ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက် အားပေးခဲ့ပါ သည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်ပြည်သူ့ဆက်ဆံရေးအသင်းမှ အထွေထွေအတွင်းရေးမှူး Mr. Zhao Xiyuan ၊ တရုတ်အမျိုးသားကုသိုလ်ဖြစ် မဟာမိတ်အဖွဲ့ အတွင်းရေးမှူး Mr. Liu Youping နှင့် တရုတ်နိုင်ငံ အိုင်အို မျက်စိအထူးကုဆေးရုံမှ အတွင်းဝန် Mr. Peng Zhikum တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ၀ိသာခါ ဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်က မဲခေါင်ဒေသ အလင်းရောင် ခရီးစဉ်တွင် ပူးပေါင်းပါ၀င်လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်နှင့် ၀ိသာခါဖောင်ဒေးရှင်း၏ လူမှုအကျိုးပြု ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆေးရုံအုပ်ကြီး ဒေါက်တာလှမာလာမှလည်း ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.