ဝိသာခါဖောင်ဒေးရှင်းဆိုတာ…. ပညာရေး ကျန်းမာရေး လူမူ့ရေး ဆိုတဲ့ ကဏ္ဍ(၃)ရပ်နှင့်အညီ ပြည်သူ့အကျိုးပြုတဲ့လုပ်ငန်းကိစ္စတွေကို ယခုချိန်ထိဆောင်ရွက် လုပ်ကိုင်နေတဲ့ Non Profit ဖောင်းဒေးရှင်း တခုဖြစ်ပါသည်။… 💜ဝိသာခါဖောင်ဒေးရှင်းမှာဆိုရင် … တကယ်ကို နွေးထွေးတဲ့မေတ္တာ၊ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နဲ့ ညီမတွေကို သင်ပြပေးခြင်း၊ ခေါင်းဆောင်အမတွေကိုယ်တိုင်ကလည်း အနစ်နာခံကာ လုပ်ကိုင်သင်ပြပေးခြင်း၊ အသင်းဝင်ညီမများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပြောဆို လုပ်ကိုင်ကြခြင်း …စသည် ပြောရရင် အများကြီးရှိတဲ့ ကိစ္စအဝဝတွေကို စည်းလုံးညီညွတ်စွာလုပ်ကိုင်နေကြတဲ့ အသင်းမို ကျမတိုတွေအားလုံး ချစ်ခင်တန်ဖိုးထားရတဲ့ အသင်းဖြစ်ပါသည်။ 💜💜 💜တနှစ်တခါမှ အသင်းသားတွေဆုံတွေ့ကြတဲ့ နှစ်ပတ်လည်နေ့မှာ အသင်းဝင်အသစ် စုစုပေါင်း (၄၁)ယောက်ကို ကြိုဆိုတဲ့နေ့လေးလည်းဖြစ်ပါတယ်…ဝိသာခါအသင်း၏လုပ်ငန်းဆောင်ရွက်မူ့များကို နှစ်သက်ကြပြီး တနှစ်ထက်တနှစ် များစွာဝင်ရောက်လာကြတဲ့ အသင်းဝင်သစ် ညီအမများကို နွေးထွေးချစ်ခင်စွာကြိုဆိုရတာလည်း မင်္ဂလာရှိတဲ့ အစဉ်အလာနဲ့နေ့ရက်လေးပါသည်။💜💜💜 💜နောင်နှစ်တွေမှာလည်း ယခုလို အသင်းဝင်သစ်များကို ကြိုဆိုရင်းနှစ်ပတ်လည်အခမ်းအနားကိုလည်းကျင်းပကြပါလိမ့်မည်ဟုမျှော်လင့်မိပါတယ်… 💜ဝိသာခါဖောင်ဒေးရှင်း၏လုပ်ငန်းဆောင်တာများကို ယုံကြည်ပြီး လှူဒါန်းကျသော ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ရဟန်းသံဃာတော်များ၊အားလုံးကိုလည်း ဒီနေရာမှ အသင်းဝင်များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ …. ၁၃.၇.၂၀၂၃ (သောကြာနေ့)
မဲခေါင်ဒေသ အလင်းရောင်ခရီးစဉ်
HCA-9th Batch(SSC)သင်တန်းဆင်းပွဲနှင့် 10th Batchသင်တန်းဖွင့်ပွဲ
“ အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု” ရွှေပြည်ဟိန်းစက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံ
နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ လူပုဂ္ဂိုလ်များ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တွင် ဝိသာခါဖောင်ဒေးရှင်းမှအဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် များကို ထိုက်တန်စွာအပ်နှင်းခြင်းခံရသူများ
“ ရင်ခွင်သစ်-မွေးကင်းစ ကလေးပြုစု စောင့်ရှောက်ရေးဌာန” ဖွင့်ပွဲ