• English
  • ဗမာစာ

  • 5
    Mar 2020

    အကူသူနာပြု(၉)လသင်တန်းသား/သူများအတွက်သင်တန်းကြေးထောက်ပံ့ခြင်း.

    ဝိသာခါဖောင်ဒေးရှင်းမှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးတွင် နိုင်ငံတော်မှ ဖွင့်လှစ်သင်ကြားလျက်ရှိသော အကူသူနာပြု (၉)လ သင်တန်းသား/သူ များ အတွက် သင်တန်းကြေး ထောက်ပံ့ပေးအပ်ခြင်းများကိုပြုလုပ်ခဲ့ပါသည်။

    (5.3.2020)တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဖွင့်လှစ်သော အကူသူနာပြု (၉)လသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၈၆) ဦးကို လည်းကောင်း (6.3.2020)တွင် နေပြည်တော်ပြည့်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) မှဖွင့်လှစ်သော အကူသူနာပြု (၉)လသင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၆၁)ဦးနှင့် (11.3.2020)တွင် မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီး မှဖွင့်လှစ်သော အကူသူနာပြု (၉)လ သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား/သူ (၈၃) ဦး

    စုစုပေါင်း သင်တန်းသား/သူ (230)ဦးအတွက် သင်တန်းကြေး ငွေကျပ် (414) သိန်း ကို ဝိသာခါဖောင်ဒေးရှင်းမှ လှုဒါန်းခဲ့ပါသည်….

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.