• English
  • ဗမာစာ

  • 7
    JUNE 2018

    ဝိသာခါ ကန်သစ်” ရေလှောင်ကန် ဖွင့်ပွဲအခမ်းအနား

    ၇.၆.၂၀၁၈(ကြာသပတေးနေ့) တွင် မကွေးတိုင်း ၊ ပခုက္ကူ ခရိုင် ၊ မြိုင် မြို့နယ် ၊ကန်တိန် ကျေးရွာအုပ်စု ၊ ကန်သစ်ကျေးရွာတွင် ပြုလုပ်သည့် ဝိသာခါဖောင်ဒေးရှင်းမှ တာဝန်ယူ လှူဒါန်းသော “ဝိသာခါ ကန်သစ်” စက်ရေတွင်း ၊ ရေလှောင်ကန် ၊ ရေတင်စက် နှင့် ရေတင်စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ဦးဝင်းမော်ဌေးမှ အမှာစကားပြောကြားပြီး ဝိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် ကျေးရွာကော်မတီ တာဝန်ရှိသူ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ရေတွင်းဆောက်လုပ်ရာတွင် ကူညီဆောက်လုပ် ပေးပါ သော ဆည်မြောင်း ဦးစီးဌာန ညွှန် ကြား ရေးမှူးချုပ် ဦးကျော် မြင့် လှိုင် နှင့် ညွှန်ကြားရေးမှူး များ , ပခုက္ကူ ခရိုင် ရေ အရင်း အမြစ် ဦးစီဌာန မှ ဦးစီးအရာရှိများနှင့် ဌာနဆိုင်ရာ အရာရှိများ ကိုလည်း ဝိသာခါဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် ရေတွင်းဖွင့်ပွဲအတွက် အစစအရာရာ ကူညီလုပ်ကိုင်ပေးပါသော တာဝန်ရှိလူကြီးများနှင့် ရွာသူ ရွာသားများကိုလည်း ဝိသာခါဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင်ရှိပါသည်။ “ဝိသာခါ ကန်သစ်” စက်ရေတွင်း ၊ ရေလှောင်ကန် ၊ ရေတင်စက် နှင့် ရေတင် စက်ရုံမှာ အချင်း ( ၄လက်မ) အနက် ပေ ( ၆၄၀) တစ် နာရီ ရေဂါလန် ( ၁၅၀၀) ထွက် ရှိသည့် ဝိသာခါ ကန်သစ် စက်ရေတွင်း ၊ (32) HP AMEC အင်ဂျင် (20KW) ဒိုင် နမို၊ (7.5HP) submersible Pump တပ် ဆင် ထားသည့် ရေ တင်စက်၊ (၈ ပေ x ၇ ပေ x ၇ ပေ) ရေတင်စက်ရုံနှင့် ဂါလန် (၃၀၀၀) ဆန့် ရေလှောင် ကန်တို့ကို စုစုပေါင်း ကျပ်ငွေ (၁၂၅) သိန်း အကုန် အကျခံ ပြီးဆောက်လုပ်လှု ဒါန်းခဲ့ခြင်းဖြစ်သည်။ ဝိသာခါဖောင်ဒေးရှင်းမှ ကန်သစ်ကျေးရွာ အခြေခံမူလတန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား/ကျာင်းသူများအတွက် လိုအပ်သော စာရေးကိရိယာ၊ ဗလာစာအုပ်များအပြင် အခြား လက်ဆောင်ပစ္စည် များကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ကန်တိန် ကျေးရွာအုပ်စုတွင် နေထိုင်ကြသော အိမ်ထောင်စု ၁၁၀ အတွက် အိမ်ထောင်စု တစ်စုလျှင် ပိုက်ဆံ (၁၀၀၀၀)ကျပ် နှင့် ထီး တချောင်း ကို လက်ဆောင် အဖြစ် ပေးအပ် ခဲ့ပြီး ကြာဇံချက် စတုဒီသာ ကျွေးမွေးခဲ့ပါသည်။

    Recent News & Events

    Visakha foundation
    Visakha
    Visakha foundation
    donation in myanmar
    2026 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.