• English
  • ဗမာစာ

  • 28
    JAN 2018

    ဒုတိယအကြိမ်ဆောက်လုပ်လှူဒါန်းသည့်နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ

    (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေ (ပရဟိတ) သီလရှင်စာသင်တိုက်တွင် ၀ိသာခါဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ထပ်မံဆောက်လုပ်လှူဒါန်းသည့် ၀ိသာခါပုဏ္ဏမီဂုဏ်ဝေ နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲကို ကျင်းပခဲ့ပြီး ထိုအခမ်းအနားတွင် သံလမ်းပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန ္တ သုဇန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး၏ဇနီး ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာ၊ ၀ိသာခါဖောင်ဒေးရှင်းမှ စေတနာအလှူရှင်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ခဲ့ကြပါသည်။ နေပြည်တော်တိုင်းမှူး၊ ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာ ၊၀ိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် သီလရှင်ကျောင်း တိုက်အုပ်ဆရာကြီးတို့က နှစ်ထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံလမ်းပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြပြီး သံဃာတော်နှင့် သီလရှင်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

    Recent News & Events

    Visakha foundation
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.