• English
  • ဗမာစာ

  • 4
    DEC 2017

    ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့မှ (၈)ရက်နေ့အထိ ၀ိသာခါဖောင်ဒေးရှင်း ၏ လှုပ်ရှားမှုခရီးစဉ်မှာ ရည်ရွယ်ချက်နှင့်အညီ ကျန်းမာရေးနှင့် ပညာရေးဆောင်ရွက်ချက်နှစ်ခုကို လှုပ်ရှားနိုင်ခဲ့ ပါသည်။ ကျန်းမာရေးလှုပ်ရှားမှုအနေဖြင့် ၀ိသာခါဖောင်ဒေးရှင်း နှင့် L’Occitane Foundation တို့ ပူးပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းသာသနာပြု သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိအတွင်းတိမ် ဝေဒနာခံစား နေရသည့် လူနာ ( ၃၆၂ ) ဦးအား အခမဲ့ မျက်စိ ခွဲစိတ် အလင်းဒါနပြု လှူဒါန်းခဲ့ပြီး မျက်စိရောဂါ ဝေဒနာ ခံစားနေရသော လူနာ (၇၀၀)ခန့်ကို စမ်းသပ်စစ်ဆေးပေးခဲ့ပါသည်။ ၀ိသာခါဖောင်ဒေးရှင်း၊ L’Occitane Foundation နှင့် အလှူရှင်များပူးပေါင်းပြီး ငွေကျပ် (၁၂၅)သိန်း ကို လှူဒါန်းခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးပါသော ပါမောက္ခဒေါက်တာဦးမြအောင် ၊ ပါမောက္ခဒေါက်တာဦးစိုးညွန့် နှင့် ဆရာဝန်ကြီးများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါ သည်။ ၀ိသာခါဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်တစ်ခု ဖြစ်သည့် မိဘမဲ့ကလေးများ၏ စားဝတ်နေရေး လူမှုရေး ပညာရေးတို့ကို ကူညီပေးနိုင်ရန်အတွက် ဒေါ်S.ခေါင်နန်း နာယကအဖြစ် ဦးစီးနေသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ၀ိသာခါဖောင်ဒေးရှင်းမှ ငွေကျပ် (၁၀)သိန်းကို လှူဒါန်းခဲ့ပြီး ၀ိသာခါညီအမများမှ ထပ်မံ ငွေကျပ် (၂၆)သိန်း စုစုပေါင်း (၃၆)သိန်းလှူဒါန်းခဲ့ပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.