ဝိသာခါဖောင်ဒေးရှင်းဆိုတာ…. ပညာရေး ကျန်းမာရေး လူမူ့ရေး ဆိုတဲ့ ကဏ္ဍ(၃)ရပ်နှင့်အညီ ပြည်သူ့အကျိုးပြုတဲ့လုပ်ငန်းကိစ္စတွေကို ယခုချိန်ထိဆောင်ရွက် လုပ်ကိုင်နေတဲ့ Non Profit ဖောင်းဒေးရှင်း တခုဖြစ်ပါသည်။… 💜ဝိသာခါဖောင်ဒေးရှင်းမှာဆိုရင် … တကယ်ကို နွေးထွေးတဲ့မေတ္တာ၊ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နဲ့ ညီမတွေကို သင်ပြပေးခြင်း၊ ခေါင်းဆောင်အမတွေကိုယ်တိုင်ကလည်း အနစ်နာခံကာ လုပ်ကိုင်သင်ပြပေးခြင်း၊ အသင်းဝင်ညီမများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပြောဆို လုပ်ကိုင်ကြခြင်း …စသည် ပြောရရင် အများကြီးရှိတဲ့ ကိစ္စအဝဝတွေကို စည်းလုံးညီညွတ်စွာလုပ်ကိုင်နေကြတဲ့ အသင်းမို ကျမတိုတွေအားလုံး ချစ်ခင်တန်ဖိုးထားရတဲ့ အသင်းဖြစ်ပါသည်။ 💜💜 💜တနှစ်တခါမှ အသင်းသားတွေဆုံတွေ့ကြတဲ့ နှစ်ပတ်လည်နေ့မှာ အသင်းဝင်အသစ် စုစုပေါင်း (၄၁)ယောက်ကို ကြိုဆိုတဲ့နေ့လေးလည်းဖြစ်ပါတယ်…ဝိသာခါအသင်း၏လုပ်ငန်းဆောင်ရွက်မူ့များကို နှစ်သက်ကြပြီး တနှစ်ထက်တနှစ် များစွာဝင်ရောက်လာကြတဲ့ အသင်းဝင်သစ် ညီအမများကို နွေးထွေးချစ်ခင်စွာကြိုဆိုရတာလည်း မင်္ဂလာရှိတဲ့ အစဉ်အလာနဲ့နေ့ရက်လေးပါသည်။💜💜💜 💜နောင်နှစ်တွေမှာလည်း ယခုလို အသင်းဝင်သစ်များကို ကြိုဆိုရင်းနှစ်ပတ်လည်အခမ်းအနားကိုလည်းကျင်းပကြပါလိမ့်မည်ဟုမျှော်လင့်မိပါတယ်… 💜ဝိသာခါဖောင်ဒေးရှင်း၏လုပ်ငန်းဆောင်တာများကို ယုံကြည်ပြီး လှူဒါန်းကျသော ပြည်တွင်း၊ပြည်ပ အလှူရှင်များ၊ရဟန်းသံဃာတော်များ၊အားလုံးကိုလည်း ဒီနေရာမှ အသင်းဝင်များအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ …. ၁၃.၇.၂၀၂၃ (သောကြာနေ့)
“Kaohsiung Chang Gung Memorial Hospital အဖွဲ့” နှင့် အစည်းအဝေး
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများအတွက် လှူဒါန်း
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ရန်ပုံငွေဂီတအနုပညာဖျော်ေ့ဖြပွဲ
ဝိသာခါ စေတနာ ဆေးခန်း
သူနာပြုအကူ သင်တန်းဆင်းလက်မှတ် နှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနား