• English
  • ဗမာစာ

  • 7 Jan 2021

    နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ လူပုဂ္ဂိုလ်များ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တွင် ဝိသာခါဖောင်ဒေးရှင်းမှ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် များကို ထိုက်တန်စွာအပ်နှင်းခြင်းခံရသူများ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၁) ဖြင့် နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ လူပုဂ္ဂိုလ်များ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တွင် ဝိသာခါဖောင်ဒေးရှင်းမှ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် များကို ထိုက်တန်စွာအပ်နှင်းခြင်းခံရသော ချစ်ခင်လေးစားရပါသော (၁)ဒေါ်နန်းခင်ညွန့် (၂)ဒေါ်နန်းဝါ (၃)ဒေါက်တာစောနေနွယ် သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်များကို ထိုက်တန်စွာအပ်နှင်းခြင်းခံရသော ချစ်ခင်လေးစားရပါသော (၁)ဒေါ်အေးသီတာ (၂)ဒေါ်သန္တာဝင်း သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်များကို ထိုက်တန်စွာအပ်နှင်းခြင်းခံရသော ချစ်ခင်လေးစားရပါသော (၁)ဒေါ်ခင်ဝင်းမာ (၂)ဒေါ်အေးအေးမော် တို့မှ ထိုက်ထိုက် တန်တန် ရရှိခဲ့ပါသဖြင့် ဝိသာခါဖောင်ဒေးရှင်းမှအထူးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း တိုင်းပြည်အကျိုး သာသနာအကျိုးကို ဆထက် ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဂုဏ်ပြုအပ်ပါသည်။

    Recent News & Events

    Visakha Foundation
    donation in myanmar
    2026 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.