• English
  • ဗမာစာ

  • 17
    MARCH 2018

    အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ရန်ပုံငွေဂီတအနုပညာဖျော်ေ့ဖြပွဲ

    ၂၀၁၈ ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီမှ ကြီးမှူးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့ကို ဂုဏ်ပြုသောအားဖြင့် “၀ိသာခါဖောင်ဒေးရှင်း” နှင့် ” မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်”တို့ ပူးပေါင်းပြီး “စွန့်ပစ်ခံ ရင်ခွင်မဲ့ ကလေးများ” စနစ်တကျပြုစု စောင့်ရှောက်နိုင်ဖို့အတွက် “စွမ်းရည်မြင့်မား အမျိုးသမီးများ အနာဂတ်ကောင်းအောင် ဖန်တီးကြစို့လား” ရန်ပုံငွေ ဂီတအနုပညာ ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ ဒီရံပုံငွေ ဂီတ အနုပညာဖျော်ဖြေပွဲမှ ရရှိလာသော လှူဒါန်းငွေများ အားလုံးကို ၀ိသာခါဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်း ဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန လက်အောက်ရှိ “မွေးကင်းစ ရင်ခွင်မဲ့ ကလေးပြုစုစောင့်ရှောက်ရေးဌာန” တွင် အခန်း / အဆောင်များ ပြင်ဆင်ပေးခြင်း၊ လိုအပ်သောပစ္စည်းများ ထည့်သွင်းပေးခြင်း နှင့် နေပြည်တော်တွင် “၀ိသာခါ ရင်ခွင်” နှစ်ထပ်အဆောင်အအုံကို ၀ိသာခါဖောင်ဒေးရှင်း မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသို့ ဆောက်လုပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဤပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီ သူများ၊ အလှူရှင်များ၊ မေတ္တာဖြင့် ကူညီပေးသူများ တစ်ဦးတစ်ယောက်မကျန်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိ ပါတယ်။

    Recent News & Events

    Visakha foundation
    Visakha foundation
    donation in myanmar
    2026 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.