• English
  • ဗမာစာ

  • 30
    March 2020

    Videolaryngoscope လှူဒါန်းခြင်း

    ၃၀.၃.၂၀၂၀ နေ့တွင် ဝိသာခါဖောင်ဒေးရှင်းမှ သိန်း၃၀ တန်ဖိုးရှိVideolaryngoscope. ကို လိုအပ်နေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်သို့ လှူဒါန်းခဲ့ပါသည်။
    Covid-19 လူနာများ ရောဂါပြင်းထန်၍ အသက်ရှူစက် တပ်ဆင်ကုသ ရန်လိုအပ်လာသည့် အချိန်တွင် အသက်ရှူလမ်းကြောင်းအတွင်းသို့ အသက်ရှူ ပိုက် ထည့်သွင်းရန်လိုအပ်လာမည်ဖြစ်ပါသည်။
    သာမန်အချိန်တွင် ထိုကဲ့သို့ လူနာ၏ အသက်ရှူလမ်းကြောင်းအတွင်းသို့ အသက်ရှူပိုက်ထည့်သွင်းနိုင်ရန် ရိုးရိုး စကုပ်( laryngo scope) ကို အသုံးပြု၍ လေပြွန်ဝကို ငုံ့ကြည့်ရမည်ဖြစ်ပါသည်။
    Covid-19 ကူးစက်ခံထားရသည့် လူနာများကို အသက်ရှူပိုက်ထည့်ရန် ထိုကဲ့သို့ ကြည့်မည်ဆိုပါက လူနာ၏အသက်ရှူလမ်းကြောင်းအတွင်းမှ လေမှုန်များနှင့်အတူ ဗိုင်းရပ်များ အလုံး အရင်း ပါလာပြီး ကြည့်ရှုသူ ဆရာဝန်များထံသို့ တိုက်ရိုက် ကူးစက်သွားနိုင်ပါသည်။
    laryngoscope ၏ ထိပ်တွင် ဗွီဒီယို Video Screen ငယ်လေးတပ်ဆင်ထားခြင်းဖြင့် သာမန် အချိန်များကဲ့သို့ ပါးစပ်အတွင်းငုံ့ကြည့် ရန်မလိုဘဲ Screen မှန်သားမျက်နှာပြင် ကို လှမ်းကြည့်ပြီး အသက်ရှူ ပိုက်ကိုလေပြွန်ဝ မှတဆင့် အသကိရှူလမ်းကြောင်းအတွင်းသို့ အဝေးမှ လွယ်ကူစွာ ထည့်သွင်းနိုင်မည်ဖြစ်ပါသဖြင့် လူနာထံမှ ဆရာဝန်ထံသို့ ကူးစက်နိုင်ခြေလျော့နည်းသွားမည် ဖြစ်ပါသည်။

    ယခုအခါ Covid-19 ဖြစ်ပွားသည့်လူနာများကို အသက်ရှူပိုက်ထည့်သွင်း ရာတွင် အသုံးပြုသင့်ကြောင်း ကမ္ဘာ့ မေ့ဆေးအဖွဲ့ချုပ်၏ ညွှန်ကြားချက်တွင်လည်းပါရှိနေပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.