• English
  • ဗမာစာ

  • 28
    Sept 2016

    အကူသူနာပြု (ပြင်ပ) ၉ လ သင်တန်း (၂၀၁၅ – ၂၀၁၆) သင်တန်းဆင်းပွဲ အခမ်းအနား

    ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၈ )ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အကူသူနာပြု (ပြင်ပ) ၉ လ သင်တန်း ၂၀၁၅ – ၂၀၁၆ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဖွင့်လှစ်သင်ကြားပေးခဲ့သော ၂၀၁၅ – ၂၀၁၆ အကူသူနာပြု (ပြင်ပ) ၉ လသင်တန်း တက်ရောက်နေသူများမှ ဆက်လက်ပညာသင်ရန် ခက်ခဲနေသော သင်တန်းသား ၃၅ ဦးအား သင်တန်းပြီးဆုံးသည်အထိ ဝိသာခါဖောင်ဒေးရှင်း မှ ထောက်ပံ့ခဲ့ပြီး အားလုံးအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

    ဤသင်တန်းတွင် ဝိသာခါထောက်ပံ့မှုဖြင့် တက်ရောက်ခဲ့သူများ အနက် YGH မှ မနော်ငုဝါရွှေမှ ဒုတိယဆု၊ မအိအိသဲ မှ စတုတ္ထဆု ၊ NYGH မှ မဇူးဇူးမှ ဒုတိယဆု ၊ မငြိမ်းအိနွယ်မှ တတိယဆုနှင့် မသူဇာဦးမှ တတိယဆုတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသည်။ မအိအိသဲ ၊ မနော်နီလာဝင်း ၊ မနီနီဝင်းရွှေ ၊ မအေးစုထွေးနှင့် မအေးအေးမိုးတို့ကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိသည့်အတွက် သင်တန်းရက်မှန်ဆုကို ရရှိခဲ့ကြပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.