• English
  • ဗမာစာ

  • 18
    June 2017

    ဝိသာခါ ပုဏ္ဏမီ ဂုဏ်ဝေကျာင်းဆောင်နှင့် စာကြည့်တိုက်ဖွင့်လှ စ်လှူဒါန်း

    ၂၀၁၇ ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေ သီလရှင် စာသင်တိုက်ရှိ ၀ိသာခါဖောင်ဒေးရှင်းက ဦးဆောင်လှူဒါန်းသည့် “ ၀ိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ” ကျောင်းဆောင်သစ်နှင့် စာကြည့်တိုက် ဖွင့်လှစ်လှူဒါန်းသည့် အခမ်းအနားကို နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင် တက်ရောက် အားပေး ချီးမြှင့်ခဲ့ပြီး ၀ိသာခါပုဏ္ဏမီဂုဏ်ဝေ ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ၀ိသာခါ ပုဏ္ဏမီဂုဏ်ဝေ ကျောင်းဆောင်သစ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပုဏ္ဏမီ ဂုဏ်ဝေ သီလရှင် စာသင်တိုက်ပဓာန နာယက သီလရှင် ဆရာကြီး ဒေါ်ဇေယျာသိင်္ဂီ၊ ၀ိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ၀ိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ စာကြည့်တိုက်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ၀ိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ၀ိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ စာကြည်တိုက်နှင့် ၀ိသာခါပုဏ္ဏမီ ဂုဏ်ဝေ ကျောင်းဆောင် သစ်တို့ကို လှည့်လည်ကြည့်ရှုကြပြီး ၀ိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ ကျောင်းဆောင်သစ်နှင့် စာကြည်တိုက် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ကျောင်းဆောင်သစ်၌ ဆက်လက် ကျင်းပရာ ၀ိသာခါဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်မှ စာသင်ကျောင်းဆောင်သစ်နှင့် စာကြည့်တိုက် ဆောက်လုပ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ၀ိသာခါဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် အဖွဲ့ဝင်များက သီလရှင် စာသင်တိုက် ပဓာန နာယက သီလရှင်ဆရာကြီး ဒေါ်ဇေယျာသိင်္ဂီထံ စာသင်ကျောင်း၊ စာကြည့်တိုက်တို့နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ၀ိသာခါဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများက ပုဏ္ဏမီ ဂုဏ်ဝေ သီလရှင် စာသင်တိုက် ပဓာန နယက သီလရှင် ဆရာကြီး ဒေါ်ဇေယျာသိင်္ဂီထံ အလှူငွေများ ပေးအပ် လှူဒါန်းကြ သည်။ ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်စုစုလွင်က “ ၀ိသာခါ ပုဏ္ဏမီ ဂုဏ်ဝေ” သီလရှင် စာသင်ကျောင်း ဆောင်သစ်နှင့် စာကြည့်တိုက် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတ၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.