• English
  • ဗမာစာ

  • 11
    NOV 2017

    ၀ိသာခါပုဏ္ဏမီဂုဏ်ဝေ လေးထပ်ကျောင်းဆောင် ပန္နက်ချမင်္ဂလာ

    ၂၀၁၇ခုနှစ် နိုဝင်ဘာ (၁၁)ရက်နေ့ တွင် ၀ိသာခါပုဏ္ဏမီဂုဏ်ဝေ လေးထပ်ကျောင်းဆောင် ပန္နက်ချမင်္ဂလာ အခမ်းအနားကို နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ပုဏ္ဏမီဂုဏ်ဝေသီလရှင် စာသင်တိုက်တွင် ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတကြီးဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင် က လေးထပ်ကျောင်းဆောင် ဆောက်လုပ်မည့် မြေနေရာအား ဗဟိုပန္နက်တော်တင်၊ အမွှေးန့ံသာရည်များ ပက်ဖြန်းပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ၀ိသာခါဖောင်ဒေးရှင်း ဦးဆောင်နာယက ပါမောက္ခဒေါက်တာ ၀င်းမင်းသစ်၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရွှေဇင် တို့ကလည်း သတ်မှတ်နေရာများတွင် ရတနာပန္နက်တော်တင်ပေးခဲ့သည်။ ထို့နောက် ၀ိသာခါဖောင်ဒေးရှင်း ဦးဆောင်နာယက ပါမောက္ခဒေါက်တာ ၀င်းမင်းသစ်မှ ၀ိသာခါပုဏ္ဏမီဂုဏ်ဝေ လေးထပ်ကျောင်း ဆောင်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာစုလှဟန်မှ ဖောင်ဒေးရှင်း၏လှုပ်ရှားမှု များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။နို်င်ငံတော် သမ္မတကြီး၏ဇနီး ဒေါ်စုစုလွင်မှ ပုဏ္ဏမီဂုဏ်ဝေ လေးထပ်ကျောင်းဆောင် လှူဒါန်းမှုအပေါ် ဂုဏ်ပြုစကား ပြန်လည်ပြောကြားခဲ့ပြီး သီလရှင်စာသင်တိုက် ပဓာနနာယက သီလရှင်ဆရာကြီး ဇေယျာသိင်္ဂိီကလည်း လှူဒါန်းမှု အပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတကြီး၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.