• English
  • ဗမာစာ

  • 22
    Jun 2019

    အမရသုခ သုံးထပ် စာသင်ကျောင်းဆောင် ပန္နက်ချမင်္ဂလာ

    ၂၀၁၉ခုနှစ် ဇွန်လ (၂၂)ရက်နေ့ တွင် ဝိသာခါ အမရသုခ သုံးထပ် စာသင်ကျောင်းဆောင် ပန္နက်ချမင်္ဂလာ အခမ်းအနားကို မန္တလေး တိုင်းဒေသကြီး အမရပူရမြို့ မြောက်လက်သမား ဘုန်းကြီးကျောင်း အတွင်းတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဒေါ်ယုယုမေ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဒေါ်ယုယုမေ သုံးထပ် စာသင်ကျောင်းဆောင် ဆောက်လုပ်မည့် မြေနေရာအား ဗဟိုတွင် ပန္နက်ရိုက်ခဲ့ပြီး မြောက်လက်သမားကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန ္တအာဒိစ္စ (သာသနာ သက္ကသီလ ဓမ္မစရိယ) က ပန္နက်တော်နေရာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး ဝိသာခါဖောင်ဒေးရှင်း ဦးဆောင်နာယက ပါမောက္ခဒေါက်တာ ဝင်းမင်းသစ်၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာစုလှဟန်၊ ဝိသာခါဖောင်ဒေးရှင်း အဖွဲ့ဝင်ညီအစ်မများတို့ကလည်း သတ်မှတ်နေရာများတွင် ရတနာပန္နက်တော်တင်ပေးခဲ့သည်။ အခမ်းအနားသို့ တက်ရောက် လာကြသူများ ကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.