• English
  • ဗမာစာ

  • 20
    SEP 2018

    ဝိသာခါဖောင်ဒေးရှင်း”နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှမျက်စိအတွင်းတိမ် ကုသရေးအဖွဲ့

    ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဝိသာခါဖာင်ဒေးရှင်း၏ (၁၉) ကြိမ်မြောက် မျက်စိအလင်းဒါနလှူဒါန်းခြင်းအဖြစ် “ဝိသာခါဖောင်ဒေးရှင်း”နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Kunming Medical University မှမျက်စိအတွင်းတိမ် ကုသရေးအဖွဲ့” တို့ ပူးပေါင်းဆောင်ရွက်သည့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ် လူနာ (120) ဦးအား အခမဲ့ ခွဲစိတ်အလင်းဒါနပြုလှူဒါန်းသည့် ဖွင့်ပွဲ အခမ်းအနားကို သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ The Second Affilliated Hospital Of Kunming Medical University ၏ မျက်စိအတွင်းတိမ်ကုသရေးအဖွဲ့မှ သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ သို့အလှူငွေ USD $3000 ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ “အလင်းရောင်ခရီးစဉ်” မျက်စိအခမဲ့ ခွဲစိတ်မှုကို စက်တင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ သန်လျှင် နှင့် ရွှေပြည်သာမြို့နယ်တို့မှ လူနာများ အများဆုံး လာရောက်ခွဲစိတ်ကြပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.