• English
  • ဗမာစာ

  • 30
    Aug 2019

    ဝိသာခါဖာင်ဒေးရှင်း” ၏ (၂၅) ကြိမ်မြောက် စက္ခုအလင်းဒါန လှူဒါန်းခြင်း

    ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၃၀) ရက်နေ့တွင် ” ဝိသာခါဖာင်ဒေးရှင်း” ၏ (၂၅) ကြိမ်မြောက် စက္ခုအလင်းဒါန လှူဒါန်းခြင်း နှင့် “ တရုတ်နိုင်ငံ ယူနန်လူမှုအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း” ၏ “ အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ် လူနာ (၂၀၀) ဦးအား အခမဲ့ ခွဲစိတ်အလင်းဒါနပြုလှူဒါန်းသည့် ဖွင့်ပွဲ အခမ်းအနားကို သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ်ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ပါသည်။ “ တရုတ်နိုင်ငံ ယူနန်လူမှုအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း” မှလည်း သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ သို့ အလှူငွေ ကျပ် US$ 6000 နှင့် ညီမျှသော မြန်မာငွေကျပ် သိန်း (၉၀) ကို ပေးအပ်လှူဒါန်းခဲ့ပြီး ငွေကျပ် ခုနှစ်ဆယ့် နှစ်သိန်း လေးသောင်း တန်ဖိုးရှိ မျက်စိအတွင်းတိမ် ရောဂါခွဲစိတ်ရေး ကိရိယာ (၁၅)စုံကို လှူဒါန်းခဲ့ပါသည်။

    Recent News & Events

    Visakha foundation
    Visakha foundation
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.