• English
  • ဗမာစာ

  • 19
    MAY 2018

    “ ရင်ခွင်သစ်-မွေးကင်းစ ကလေးပြုစု စောင့်ရှောက်ရေးဌာန” ဖွင့်ပွဲ

    ၁၉.၅.၂၀၁၈(စနေနေ့) တွင် ၀ိသာခါဖောင်ဒေးရှင်းမှ တာဝန်ယူ ပြုပြင်လှူဒါန်းသော “ရင်ခွင်သစ်-မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးဌာန” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာန ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနား ကို လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာ ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ သက်သက်ဇင်၊ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တာဆီးရေးအဖွဲ့ မှ ဖိတ်ကြားထားသော ဧည့်သည်တော်များများ၊ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင် အသင်း မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ၀ိသာခါ ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ညီအစ်မများ အပြင် “ စွမ်းရည်မြင့်မား အမျိုးသမီးများ အနာဂတ်ကောင်းအောင် ဖန်တီးကြစို့လား” ရန်ပုံငွေ ဂီတအနုပညာဖျော်ဖြေပွဲတွင် ပါ၀င် လှုဒါန်းခဲ့သော အလှူရှင်များနှင့်ပွဲဖြစ် မြောက်အောင် စီစဉ်ပေးခဲ့ကြသော စီစဉ်သူများနှင့် ဧည့်သည်တော်များတက် ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေး မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ဒေါ်မြသီတာမှ အသင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ၀ိသာခါဖောင်ဒေးရှင်း အသင်း၏ နာယက ပါမောက္ခ ဒေါက်တာ ၀င်းမင်းသစ် မှ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း နှင့် ပါ၀င်ပူးပေါင်းပြီး ရင်ခွင်မဲ့ ကလေးသူငယ်များ လျော့ချရေး၊ ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်သောလုပ်ငန်းများ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးခဲ့ပြီး မှတ်တမ်းတင် ဗွီဒီယိုကို ပြသခဲ့ပါသည်။ လှုမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ “ရင်ခွင်သစ်-မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ရေးဌာန” ကို ဝိသာခါဖောင်ဒေးရှင်းမှ ငွေကျပ် (နှစ်ရာ သုံးဆယ့် ငါးသိန်း) အကုန်အကျခံကာ ပြုပြင်ပြင်ဆင် လှူဒါန်းသည့်အတွက် ၀ိသာခါဖောင်ဒေးရှင်းသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် “ ရင်ခွင်သစ်-မွေးကင်းစ ကလေး ပြုစု စောင့်ရှောက်ရေးဌာန” ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ “ ရင်ခွင်သစ်-မွေးကင်းစ ကလေး ပြုစု စောင့်ရှောက်ရေးဌာန” ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဧည့်သည်တော်များကို အစားအသောက်များဖြင့် တည်ခင်းဧည့့်ခံခဲ့ပါသည်။ ၀ိသာခါဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်တစ်ခုုဖြစ်သော ” ရင်ခွင်မဲ့မှသည်
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.