• English
  • ဗမာစာ

  • 29
    DEC 2018

    ရင်ခွင်မဲ့ကလေးပြုစုစောင့်ရှောက်ရန်ဂေဟာ(နေပြည်တော်)အတွက် အလှူ

    (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ UMFCCI, Mingalar Hall တွင် ကျင်းပခဲ့သည့် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ) မိတ်ဆက်ခြင်းနှင့် ရင်ခွင်မဲ့ကလေးပြုစု စောင့်ရှောက်ရန်ဂေဟာ (နေပြည်တော်) တည်ဆောက်ရေးရှင်းလင်းပွဲ အခမ်းအနားတွင် ဝိသာခါဖောင်ဒေးရှင်း မှ ရင်ခွင်မဲ့ ကလေးပြုစုစောင့်ရှောက်ရန် ဂေဟာ( နေပြည်တော်) တည်ဆောက်ရန်အတွက် အလှူငွေ 120,230,835 ကျပ် (တစ်ထောင့် နှစ်ရာ နှစ်သိန်း သုံးသောင်း ရှစ်ရာသုံးဆယ့်ငါး ကျပ်) တိတိလှူဒါန်းခဲ့ပါသည်။
    ဤကဲ့သို့ လှူဒါန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လ (၁၈) ရက်နေ့က ဝိသာခါဖောင်ဒေးရှင်းမှ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ကြီးမှူးကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (169,386,485 ) ကျပ် ရရှိခဲ့ပါသည်။ ရရှိသည့်ငွေများထဲမှ …
    1. ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ ငွေကျပ် သိန်း (၂၀၀) လှူဒါန်းခြင်း၊
    2. ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ ရွှေဂုံတိုင် လူမှုဝန်ထမ်း ကလေးပြုစုရေးဌာနရှိ ရင်ခွင်မဲ့ မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးဌာနကို (23,655,650)ကျပ် အကုန်အကျခံကာ ပြုပြင်မွမ်းမံခြင်း၊
    3. အမျိုးသမီးရေးရာ အဖွဲ့ချုပ်သို့ ငွေကျပ် သိန်း (၅၀) လှူဒါန်းခြင်း
    4. မြန်မာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အသင်းသို့ ငွေကျပ် (၅)သိန်း လှူဒါန်းခြင်းစသည့်လှူဒါန်းမှု အစုစု တို့လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.