• English
  • ဗမာစာ

  • 10
    May 2017

    ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်စကားပြောပြိုင်ပွဲ

    ၁၃၇၉ ခုနှစ် ကဆုန်လပြည့်နေ့ ၊၁၀.၅.၂၀၁၇ (ဗုဒ္ဓဟူးနေ့) တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ၊ ဝိဇယဓမ္မသဘင် ခန်းမတွင် ဝိသာခါဖောင်ဒေရှင်းမှကြီးမှူးပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများအား ” ကဆုန်လပြည့် ဗုဒ္ဓနေ့” နှင့် ပတ်သက်ပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ နှင့် စကားပြောပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိသည့် ကျောင်းသား/သူများကို ဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဝိသာခါဖောင်ဒေရှင်းမှ ညီအစ်မများ ၊ ဧည့်သည့်တော်များနှင့် ကလေးများက ကမ္ဘာအေးစေတီတော်ရှိ ဗောဓိညောင်ပင်တွင် ပျော်ရွှင်စွာ ညောင်ရေသွန်းခြင်း ပြုလုပ်ခဲ့ပါ သည်။ ကြွရောက်လာသော ဧည့်သည်တော်များ နှင့် တက်ရောက်ကြသောကျောင်းသူ၊ ကျောင်းသား (၃၀၀) တို့ကိုနံနက်စာနှင့် ဧည့်ခံကျွေးမွေး ပြီး စာအုပ် ၊ စာရေးကိရိယာများ၊ ကလေးငယ်များ ဗဟုသုတ ရရှိရှိစေရန် ဗုဒ္ဓနေ့နှင့် ပတ်သက်သော စာအုပ်များ ၊ T Shirt များ နှင့်ထီးများကို လက်ဆောင်ပေး အပ်ခဲ့ပါတယ်။

    donation in myanmar
    2024 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.