• English
  • ဗမာစာ

  • 30
    Aug 2017

    ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများအတွက် လှူဒါန်း

    ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ၀ိသာခါဖောင်ဒေးရှင်းမှ နာယကကြီးနှင့် တကွ ညီအမများက သြဂုတ်လ (၃၀)ရက်နေ့ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးထံသို့ စုစုပေါင်း ငွေကျပ်သိန်း (၁၀၀) ကို လှူဒါန်းခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့် ရခိုင်ဒေသ အတွင်းရှိ နေရာအနှံ့သို့ အထောက်အကူပြုပစ္စည်းများအား ကြိုးစားပို့ဆောင်လျက်ရှိပါကြောင်း ဒေသခံတိုင်းရင်းသားများ ၏ အရေးပေါ်လိုအပ်ချက်များအတွက် လှူဒါန်းမှုများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

    2019 © All Rights Reserved. Visakha Foundation. Powered By Source Code Co., Ltd.